ဆင့်ပွားလုပ်ငန်းများမှတစ်ဆင့် ငွေလဲနှုန်းဝန်ဆောင်မှုများအတွက် သတ်မှတ်ပြဌာန်းခြင်း
ပြည်တွင်းသွင်းကုန်ထုတ်ကုန် လုပ်ငန်းအများစုသည် နိုင်ငံရပ်ခြားကုမ္ပဏီများနှင့် သက်ဆိုင်ရာငွေကြေးအရ ကုန်သွယ်ရောင်းဝယ်မှုတွေပြုလုပ်သောအခါ ငွေကြေးလဲလှယ်မှုပြဿနာများ ကြုံတွေ့နေရသည်။ လက်ရှိကမ္ဘာလုံးဆိုင်ရာနှင့် ပြည်တွင်းစီးပွားရေးအခြေအနေအရပ်ရပ်တို့တွင် အဆင်မပြေမှုဖြစ်စေသည့် အကြောင်းအရင်းများကြောင့် ကမ္ဘာ့ကုန်သွယ်မှုလုပ်ငန်းတွင်အရေးပါသော ငွေကြေးများဖြစ်သည့် ယူရို၊အမေရိကန်ဒေါ်လာ နှင့် ဂျပန်ယန်းငွေများတွင်လည်း တန်ဖိုး မတည်ငြိမ်ခြင်း ပြဿနာများကို ဖန်တီးနေသည်။ပြည်တွင်းကုန်သွယ်မှုဆိုင်ရာ ကုမ္ပဏီများသည်လည်း ထိုအခြေအနေများအား ဖြေရှင်းပံ့ပိုးနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။ အချို့သောစီးပွားရေးလုပ်ငန်းရှင်များကမူ စင်္ကာပူနိုင်ငံဘဏ်အကောင့်များဖွင့်လှစ်ပြီး အသုံးချဆောင်ရွက်ကြသည်။ မိမိတို့ကောက်ယူထားသော သုတေသနစစ်တမ်းများက ငွေကြေးဆိုင်ရာ ကုန်သွယ်မှုတွင် အဆင်မပြေမှုများကြောင့် ဆုံးရှုံးမှုအချို့ရှိကြောင်း ဖော်ပြထားသည်။ Win Finance ၏ရည်ရွယ်ချက်များသည်…
- နိုင်ငံခြားငွေကြေးလဲလှယ်မှုပိုင်းကုန်သွယ်လုပ်ကိုင်နေသူများအတွက် စီမံခန့်ခွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခက်အခဲများကို ကူညီဖြေရှင်းပေးခြင်း။
- အရှိန်အဟုန်နဲ့တိုးတက်ပြောင်းလဲလာသည့် အင်တာနက်နည်းပညာခေတ်နှင့်အတူ အနာဂတ်တွင် ကြီးထွားလာမည့်ကုန်သွယ်ခြင်းဆိုင်ရာဗျူဟာစီမံခြင်းများ၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုဆိုင်ရာကုန်သွယ်လုပ်ကိုင်ခြင်းကို စိတ်ဝင်စားသည့်ကုန်သွယ်လုပ်ငန်းရှင်တစ်ဦးချင်းစီအတွက် အသိပညာမျှဝေပေးခြင်းများကို ကူညီဆောင်ရွက်ပေးခြင်း။